HGH
Human Growth Hormone ( Somatotropin ) သည် amino acid 191 လုံးနှင့်တည်ဆောက်ထားသောဟော်မုန်းဖြစ်သည်။ လူပျို/အပျိုဖော်ဝင်ချိန်တွင် အမြင့်မားဆုံးပမာဏရောက်ပြီး ထို့နောက်တွင်မူသိသိသာသာကျဆင်းလာပေသည်။
HGHကို အလေးမသမားများ ၊ ကာယဗလမောင်မယ်များတွင် တွင်ကျယ်စွာသုံးကြသည်။ HGHသည် ခန္ဓာကိုယ်ရှင်သန်လှုပ်ရှားနိုင်ရန်လိုအပ်သောလောင်စာကို ကစီဓာတ်အစား အဆီဆဲလ်များအတွင်းမှ အဆီဓာတ်များပြိုကွဲစေကာ လောင်စာအနေနဲ့သုံးစေသောကြောင့် အဆီချသည့်အခါတွင်လည်းအသုံးပြုနိုင်သည်။
HGHသည် ကြွက်သားတည်ဆောက်ရန်လိုအပ်သည့် amino acids များစီးဆင်းမှုကိုပိုမိုကောင်းမွန်စေသည့်အတွက် ကြွက်သားဆဲလ်များပိုမိုတိုးပွားလာစေသည်။
HGHသည် iGF-1 ဟော်မုန်းပမာဏကိုမြှင့်တင်ပေးကာ ကြွက်သားများတည်ဆောက်ရန်လိုအပ်သည့် နိုက်ထရိုဂျင်ဓာတ် အပေါင်းဘက်ကိုရှိစေသောကြောင့် ကြွက်သားပမာဏကို အချိန်တိုအတွင်းတည်ဆောက်ရာတွင်အထောက်အကူပြုပေသည်။
HGHကိုဆယ်ကျော်သက်အရွယ်များတွင်အသုံးပြုပါက အရပ်ပိုမိုရှည်လာစေသည့်အတွက် အရပ်ရှည်ကုထုံးအနေနဲ့လည်းသုံးကြသည်။ အရပ်မရှည်နိုင်တော့သည့်အရွယ်တွင်မူ HGHသုံးပါက ညှပ်ရိုးပိုမိုကျယ်လာသည့်အတွက် ပုခုံးကိုပိုကားကာ ပိုပြီးကြည့်ကောင်းစေသည်။
HGHသည် healingဟုသည့် ခန္ဓာကိုယ်တွင် ဒဏ်ရာရသည့်အခါ အမြန်သက်သာစေသည်။ လေ့လာချက်များအရလည်း HGHသည် အရိုးနုများ ထိခိုက်မိသည့်လူများကိုသုံးခိုင်းသည့်အခါ အရိုးနုများပြန်လည်တည်ဆောက်မှုမြန်ဆန်စေသည်ကိုသိရသည်။
ထို့အပြင် HGHသည် သွေးနီဥတည်ဆောက်မှုကိုမြှင့်တင်ပေးသောကြောင့် သက်လုံးကောင်းဖို့လိုအပ်သည့် မာရသွန်ကစားသမားများတွင်လည်း များစွာအထောက်အကူပြုသည်။
HGHကို ဆေးပညာနယ်ပယ်တွင် ယခုနောက်ပိုင်း အသက်အရွယ်အိုမင်းရင့်ရော်မှုကြောင့် ဖြစ်စေသော ရောဂါများ၊ လက္ခဏာကို လျော့ချရန် တွင်ကျယ်စွာသုံးလာကြသည်။ ကော်လဂျင်တည်ဆောက်မှုကိုလည်းမြှင့်တင်ပေးသည့်အတွက် အသားအရေတင်းရင်းမှုကိုဖြစ်စေကာ အရေးကြောင်းများကိုလည်းလျော့စေသည်။
အသုံးပြုပုံ/ပမာဏ
HGHကိုသုံးစွဲပုံများစွာရှိသည့်အနက် ကာယဗလနယ်ပယ်တွင် အသုံးများသောပုံစံမှာ တစ်ရက်ခြားညမအိပ်ခင် နာရီဝက်အလိုထိုးသောနည်းစနစ်ဖြစ်သည်။ အမျိုးသားများအနေဖြင့် စတင်သုံးစွဲပါက 2iuခန့်သုံးစွဲကာ အများဆုံး4iuခန့်သုံးစွဲနိုင်သည်။ အမျိုးသမီးများအနေဖြင့် 1iuဖြင့်စတင်သုံးစွဲကာ4iuခန့်အထိသုံးစွဲနိုင်သည်။
အဆီချမှုကိုပိုမိုထိရောက်လိုပါက မနက်စားမစားခင် ထိုးခြင်းက ပိုမိုထိရောက်မှုရှိသည်ကိုတွေ့ရသည်။
HGHကိုသုံးစွဲမယ်ဆိုပါက 20-30 ပတ်ခန့်အနည်းဆုံးသုံးစွဲသင့်သည်။ HGHသည် အခြားဆေးများထက် safeဖြစ်သောကြောင့် ပမာဏကိုအတန်အသင့်ပဲသုံးပါက လရှည် သို့မဟုတ် နှစ်အတော်အတန်ကြာအောင်သုံးစွဲ၍ရသည်။
top of page
K1,200,000.00Price
No Reviews YetShare your thoughts.
Be the first to leave a review.
bottom of page